မေ - ၁၆ ( စနေနေ့ )
ယူကရိန်းဒရုန်းများက ဖင်လန်လေပိုင်နက်အတွင်းမှာ ပျံသန်းနေတာနဲ့ ပတ်သက်ပြီး ဟယ်လ်စင်ကီတက္ကသိုလ် ပါမောက္ခ နဲ့ စီးပွားရေးပညာရှင် တူးမက်မာလီနန် က ၀န်ကြီးချုပ် ပတ်တာရီအော်ပို အနေနဲ့ ယူကရိန်းကို ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပြီး အကူအညီများ ပေးအပ်ခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ပါတယ်။
သူက သူ့ရဲ့ အိတ်စ်ဆိုရှယ်မီဒီယာအကောင့်မှာ "ဖင်လန်နိုင်ငံထဲမှာ ပထမဆုံးအနေနဲ့ ယူကရိန်းဒရုန်း ပေါက်ကွဲခဲ့တာနဲ့ ယူကရိန်းနဲ့ အဆက်အသွယ် အားလုံးကို ဖြတ်ပစ်ဖို့ လိုပါတယ်။ ငွေမပို့ပါနဲ့၊ အကူအညီ မပေးပါနဲ့၊ ဘာကြောင့်လဲဆိုတော့ လုံးလုံးလျားလျား ယိုယွင်းနေတဲ့ ယူကရိန်း အစိုးရဟာ ကျနော်တို့ရဲ့ရန်သူ ဖြစ်လာနေပါပြီ။ ဒါကိုဝန်ကြီးချုပ် နားလည်ဖို့ကောင်းနေပြီ" လို့ ရေးတင်ခဲ့ပါတယ်။
ဟယ်လ်စင်ကီ အစိုးရဌာနတွေရှိတဲ့ ဒေသမှာ ယူကရိန်း ဒရုန်းတစ်စီး တွေ့ရှိခဲ့ကြောင်း Yle ရုပ်သံဌာနက မေ ၁၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒရုန်းအန္တရာယ်ကြောင့် ဟယ်လ်စင်ကီ လေဆိပ်တွင် လေယာဉ်ပျံသန်းမှု ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။ ဖင်လန်သမ္မတ အလက်ဇန်ဒါ စတက်ဘ် ကတော့ တိုက်ရိုက် စစ်ရေးအရ ခြိမ်းခြောက်မှု မရှိကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့ပါတယ်။
ဖင်လန် လေပိုင်နက်အတွင်းမှာ ဒရုန်းများကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရကြောင်း နဲ့ ဖင်လန် အာဏာပိုင်များက ယူကရိန်းဒရုန်းများရဲ့ ပျံသန်းမှုနဲ့ ပျက်ကျမှုများအား ရှုတ်ချခဲ့ပြီး ယင်းဖြစ်ရပ်များကို လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
REF: Tass
#MNP #News

No comments:
Post a Comment