မေ - ၁၅ ( သောကြာနေ့)
ကြာသပတေးနေ့က ဘေဂျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အီရန်ကို စစ်ရေးအကူအညီတွေ ပေးပို့မှာမဟုတ်ဘူးလို့ ကတိပြုလိုက်ပါတယ်လို့ ဆိုပါတယ်။
အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်က ပိတ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် အီရန်ကို ဖိအားပေးရန် အမေရိကန်တာဝန်ရှိသူများက တရုတ်ကကူညီရန် ဆွဲဆောင်ရန် ကြိုးပမ်းနေပါတယ်။
ထရမ့်က ဖောက်စ်နယူးစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ "ရှီ က စစ်လက်နက်ပစ္စည်းတွေ ပေးမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အဲဒါက ကြီးမားတဲ့ ကြေညာချက်ပဲ" လို့ ပြောပါတယ်။ တရုတ်နိုင်ငံကလည်း ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားစေလိုနေကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောပါတယ်။ "သူတို့က အဲဒီမှာ ရေနံတွေ အများကြီးဝယ်တယ်၊ အဲဒါကို ဆက်လုပ်ချင်တယ်" လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း "တရုတ်ဘက်ကတော့ ဟော်မုဇ် ရေလက်ကြားကို စစ်ရေးအကူအညီပေးဖို့ မျက်နှာသာမပေးပါဘူးလို့ ပြောပါတယ်" လို့ NBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဘေဂျင်းအစိုးရက အီရန် ရဲ့ ရေကြောင်းဖြတ်သွားတဲ့ သင်္ဘောများကို ဖြတ်သန်းခများ ကောက်ခံခြင်းကို ထောက်ခံခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် ကတော့ CNBCသတင်းဌာနကို တရုတ်နိုင်ငံသည် "ရေလက်ကြားကို ပြန်လည်ဝင်ရောက်နိုင်စေရန်အတွက် နောက်ကွယ်တွင် လုပ်သင့်တာတွေကို လုပ်ဆောင်နေမှာပါ" လို့ပြောသွားပါတယ်။
အီရန်မီဒီယာတွေမှာတော့ တရုတ်သင်္ဘောအချို့က ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့ကြောင်း နဲ့ ချစ်ကြည် ရင်းနှီးသော နိုင်ငံများမှ ကူးသန်းရောင်းဝယ်ရေး သင်္ဘောများကလည်း အီရန်စစ်တပ်၏ ညွှန်ကြားချက်များ ကို လိုက်နာပြီး ဖြတ်သန်းနိုင်တယ်လို့ အီရန်အရာရှိများရဲ့ ပြောစကားကို ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပါတယ်။
ထရမ့် နဲ့ မတွေ့ဆုံခင် အဖွင့်အမှာစကားမှာ ရှီက အရှေ့အလယ်ပိုင်း အကျပ်အတည်းကို တိုက်ရိုက်မပြောဘဲ ဘုံအကျိုးစီးပွားရှိတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စူပါပါဝါနှစ်နိုင်ငံ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ အီရန်ကို ကူညီတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် အမေရိကန်က "တရားမဝင်" ပိတ်ဆို့အရေးယူမှုလုပ်နေတာကိုလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချခဲ့ပြီး တရုတ်ကုမ္ပဏီတွေအနေနဲ့ လိုက်နာဖို့ မလိုဘူးလို့ အမိန့်ထုတ်ထားပါတယ်။
အမေရိကန်ကတော့ အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားပြီး ဧပြီ ၁၃ ရက်မှစပြီး သင်္ဘော ၇၂ စင်းကို လမ်းကြောင်းပြောင်းစေကာ လေးစင်းကို ဖမ်းဆီးခဲ့တယ်လို့ အမေရိကန် စစ်ဆင်ရေး ဗဟိုဌာနချုပ်က ပြောကြားခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment