တာမွေ ၊ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနမှဦးဆောင်၍ အထူးကုကွင်းဆင်းအစီအစဉ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဗဟိုအဆင့်ဆေးရုံကြီး(၆)ခုမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်၍ ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှဖွင့်လှစ်သော ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း၌ လာရောက်ပြသကြသူပြည်သူများအား တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေသန့်နှင့်မုန့်များဝေငှခဲ့ပြီး လာရောက်ပြသသူပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment