မိုင်းယောင်း ၊ မေ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အထက(မိုင်းယောင်း)၌ ယနေ့နံနက်ပိုင်းက လူရည်ချွန်လေ့လာရေးခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အထက(မိုင်းယောင်း) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက ဂုဏ်ပြုစကားပြောကြားပြီး လူရည်ချွန်မောင်မယ်များက လူရည်ချွန် စခန်းအသီးသီးသို့ သွားရောက်ခဲ့သည့် ဒေသန္တရလေ့လာရေးနှင့် အပန်းဖြေခရီးစဉ်များတွင် လေ့လာခဲ့ရသော နိုင်ငံတော်၏ အထင်ကရနေရာများ၊ သမိုင်းဝင်အမွေအနှစ်များနှင့် ရရှိခဲ့သော အသိပညာ ဗဟုသုတများ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အမှတ်တရများ၊ အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment