ပေါင်၊ မေ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကဒုံစီးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဦး နှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဟောပြောပွဲတွင် ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းက ရပ်ကွက်ကျေးရွာများအတွင်း မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာကိစ္စရပ်များ၊ ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ဝေသော မှုခင်းကြိုတင်ကာကွယ်ခြင်းနှင့် မှုခင်းကျဆင်းရေးအသိပညာပေး လက်ကမ်းစာစောင်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မွန်မလေး
#MNP #News



No comments:
Post a Comment