ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ၊ နွေစပါး၊ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ၊ နွေစပါး၊ မိုးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Uploading: 2693941 of 2693941 bytes uploaded.

မြစ်ကြီးနား  ၊ မေ ၁၆

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ၊ နွေစပါး၊ မိုးစပါးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါလုပ်ငန်းအစည်းအဝေးတွင် စားရေရိက္ခာဖူလုံရေးအတွက် စားသုံးဆီဖူလုံရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားသုံးမှုဖူလုံမှုရှိမှသာ မိမိနိုင်ငံတစ်ဝန်းလုံး ဖူလုံလာမည် ဖြစ်သည့်အတွက် စနစ်တကျသော စိုက်ပျိုးရေးလုပ်ငန်းများနှင့်စနစ်ကျသည့် မွေးမြူရေးလုပ်ငန်း များကို တိုးမြှင့်လုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နွေစပါး၊ မိုးစပါးအပြင် ဆီထွက် သီးနှံများနှင့် အခြားသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်‌ရေး လုပ်ငန်းရှင်များ၊ တောင်သူများနှင့် မြေပြင်အထိ ကွင်းဆင်းစည်းရုံးဆောင်ရွက်ပြီး လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးရေးကို အလေး အနက်ထားမှာကြားလိုပါကြောင်း၊ ထို့အတူ စားရေရိက္ခာဖူလုံရေးအတွက် အဓိကကျသည့် ဆန်စပါးကို ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မိမိတို့ အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးရဲရင့်ဆွေက မိုးစပါးစိုက်ပျိုးရေးအတွက် မျိုးစပါးများ ခရိုင်အလိုက် ဖြန့်ဝေထားရှိမှု၊ ဆီဖူလုံ‌ရေးအတွက် မျိုးသန့်မျိုးစေ့များ ဖြန့်ဝေသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှီသူများက ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ထုတ်ကုန် ထုတ်လုပ်မှုများ တိုးတက်လာစေရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆီ ထွက်သီးနှံများ မိုးစပါးရိတ်သိမ်းပြီး စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှီမှုများနှင့် ဆန်စက်၊ ဆီစက် များ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သီးနှံစိုက်ဧကများ မှန်ကန်မှုရှိစေရေး၊ သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့မွေးမြူ နိုင်ရေးတို့အတွက် တောင်သူလိုအပ်ချက်များကိုလည်း အချိန်မီဖြည့်ဆည်းပေးနိုင်ရေးနှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း အဆိုပါ အစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက် ရောက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုပညာသင်နှစ်အတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး သက်ဆိုင်ရာကျောင်းများအသီးသီးကို တက်‌ရောက်နိုင်ရေး အတွက် မြို့နယ်၊ မြို့၊ ရပ်ကွက်ကျေးရွာအားလုံးတွင် နေထိုင်နေကြသည့် ကျောင်းနေအရွယ်ကလေး များအားလုံးကို စာရင်းကောက်ယူသွားရမည်ဖြစ်ပြီး မြေပြင်စာရင်းကို တစ်ဦးမကျန်ကောက်ယူရမည် ဖြစ်သည့်အတွက် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ စာရင်းကောက်ယူရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာမှ ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး၊ တန်းစဉ် တက်မည့် ကျောင်းသားဦးရေ အခြေအနေများ၊ စာရင်းကောက်ယူရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်‌ရေးအတွက် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)