သုံးခွမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံ


သုံးခွ  ၊ မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်ထောင်စုအစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ယနေ့နံနက် ၈ နာရီက ကျေးရွာနှစ်ရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်ကိုကိုခိုင်နှင့်ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက သုံးခွအနောက်ကျေးရွာ၊ အောင်ဘုံသာကျေးရွာတို့မှ ပိုင်ရှင်ကိုးဦးတို့၏ နွားကောင်‌ရေ (၈၂)ကောင်တို့အား လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး ပိုင်ရှင်တောင်သူများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

စည်သူလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)