အမျိုးသားတွေ နည်းလာလို့ အက်စတိုးနီးယားမှာ အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းရတော့မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားတွေ နည်းလာလို့ အက်စတိုးနီးယားမှာ အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းရတော့မယ်


မေ - ၃၀ ( စနေနေ့ ) 

အက်စတိုးနီးယားနိုင်ငံမှာ အမျိုးသားဦးရေ မလောက်မငှ ဖြစ်လာတော့မှာမို့လို့ အနာဂတ်ကျရင် အမျိုးသမီးတွေပါ မဖြစ်မနေ စစ်မှုထမ်းရမယ့်စနစ် ပေါ်လာဖို့က အချိန်အနည်းငယ်ပဲ လိုပါတော့တယ်လို့ နိုင်ငံရဲ့ ကာကွယ်ရေး အရင်းအမြစ်အေဂျင်စီ (KRA) အကြီးအကဲက ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှား- ယူကရိန်ပဋိပက္ခ ပြင်းထန်လာကတည်းက နေတိုး (NATO) အဖွဲ့ဝင်ဥရောပနိုင်ငံတွေက ရုရှားရဲ့ ခြိမ်းခြောက်မှု ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အင်အားကို အကြီးအကျယ် မြှင့်တင်နေကြပါတယ်။ လက်ရှိမှာ ဥရောပနိုင်ငံအချို့ဟာ မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို ပြန်လည်ကျင့်သုံးနေကြပြီး အချို့နိုင်ငံတွေမှာတော့ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ သတ်မှတ်နေကြပြီ ဖြစ်ပါတယ်။

အက်စတိုးနီးယားနိုင်ငံရဲ့ ကာကွယ်ရေးအရင်းအမြစ်အေဂျင်စီအကြီးအကဲ က “အခုရှိနေတဲ့ လူငယ်ဦးရေနဲ့ဆိုရင် ကျမတို့ရဲ့ ကာကွယ်ရေးစီမံကိန်းတွေမှာ သတ်မှတ်ထားတဲ့ စစ်မှုထမ်းနေရာ ၄,၁၀၀ ကို ဘယ်လိုမှ ဖြည့်ဆည်းနိုင်မှာမဟုတ်တာ ရှင်းနေပါတယ်” လို့ ပြောကြားခဲ့ပြီး၊ အက်စတိုးနီးယားနိုင်ငံအနေနဲ့ ၂၀၄၀ ပြည့်နှစ်အရောက်မှာ အဲဒီစစ်အင်အားရည်မှန်းချက်တွေကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်တော့မှာမဟုတ်ကြောင်း ထောက်ပြပြောဆိုသွားတာ ဖြစ်ပါတယ်။

အေဂျင်စီအကြီးအကဲ ရဲ့ ပြောကြားချက်အရ အက်စတိုးနီးယားနိုင်ငံမှာ အခုရှိနေတဲ့ စစ်မှုထမ်းစနစ်ကို ဆက်ထိန်းထားဖို့အတွက် အနာဂတ်မှာ အမျိုးသားအင်အား လုံလောက်တော့မှာမဟုတ်ဘူးဆိုတာ ပိုပြီးတော့ ထင်ရှားလာနေပါတယ်။ အရင်မျိုးဆက်တွေတုန်းကဆိုရင် တစ်နှစ်ကို ယောက်ျားလေး မွေးဖွားနှုန်း ၁၅,၀၀၀ အထိ ရှိခဲ့ပေမဲ့ အခုအခါမှာတော့ တစ်နှစ်ကို ၄,၀၀၀ ကနေ ၅,၀၀၀ ဝန်းကျင်အထိပဲ ရှိတော့တယ်လို့ သူမက ထောက်ပြပြောဆိုသွားပါတယ်။

မကြာသေးခင် နှစ်တွေအတွင်းမှာ နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံအတော်များများဟာ ကျား၊ မ မရွေး စစ်မှုထမ်းရမည့်စနစ်ဆီကို ကူးပြောင်းလာနေကြပြီ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသမီးတွေကိုပါ မဖြစ်မနေ စစ်မှုထမ်းခိုင်းတဲ့ ပထမဆုံး နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး၊ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ ဆွီဒင်နိုင်ငံကလည်း ဒီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ နယ်သာလန်နိုင်ငံကတော့ ၂၀၁၈ ခုနှစ်မှာ အမျိုးသမီးတွေပါ စစ်မှုထမ်းရမယ်ဆိုပြီး ဥပဒေကို တိုးချဲ့သတ်မှတ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေးကာလတွေမှာတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာမျိုးကို ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။

ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ မကြာသေးခင်က စစ်အင်အားတိုးချဲ့မှု အစီအစဉ်အရ ဒိန်းမတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ အမျိုးသမီးတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို အတည်ပြုခဲ့ပြီး၊ အိမ်နီးနားချင်း လတ်ဗီးယားနိုင်ငံကလည်း လာမယ့်နှစ်တွေမှာ ဒီလိုမျိုး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်း ကြေညာထားပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)