နီပိန်း ပဒက် အကြမ်းဖက်လှုပ်ရှားမှု ၅နှစ်တာ ကာလ - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပိန်း ပဒက် အကြမ်းဖက်လှုပ်ရှားမှု ၅နှစ်တာ ကာလ


တိုင်းပြည်နဲ့ လူမျိုးအပေါ် လွန်စွာ ရက်စက်ယုတ်မာကောက်ကျစ်လွန်းတဲ့ NLD ပါတီဟာ ၂၀၁၆ - ၂၀၂၀ ကာလမှာ အာဏာရဲ့ အရသာကို သိသွားတယ်လို့ ယူဆရပါတယ်။ အာဏာပိုင်ဖြစ်ရခြင်းဟာ ငွေတွေ မလိုချင်လောက်အောင်ရတယ်။ တရားစီရင်ရေးကို ခြယ်လှယ်လို့ရတယ်။ ပြည်သူလူထုအပေါ်က ဂုပ်သွေးစုပ်လို့ ရတယ်။ အာဏာအလွဲသုံးစားလုပ်ပြီး ငွေရှာရတာ လွယ်တယ်။ ဒါတွေကို အရသာတွေ့သွားဟန် တူပါရဲ့။ ၂၀၂၀ ရွေးကောက်ပွဲကြီးမှာ အပြတ်အသတ်အနိုင်ရပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းရာမှာ မဲလိမ်မဲခိုးမှုကြီးကို အလွန်အမင်း ကျူးလွန်ခဲ့တာကြောင့် ရွေးကောက်ပွဲဝင် ပါတီတွေက မကျေမနပ်ဖြစ်ခဲ့ရပြီး တင်ပြတိုင်ကြားမှုတွေကို ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်ခေါ်ပြီး အစိုးရသစ်ဖွဲ့ဖို့ ဇွတ်အတင်း ဖန်တီးလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလို ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေမှာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး မဲလိမ်မဲခိုးမှုမှာ ပါဝင်ပတ်သက်သူတွေကို စိစစ်ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့ရပါတယ်။

အကျဉ်းချုပ်ပြီး ပြောရင် အာဏာရမ္မက်ထနေသူတွေ အာဏာလက်မဲ့ဖြစ်သွားတဲ့အချိန်မှ သွေးရူးသွေးတန်း ဖြစ်ပြီး ဆူပူအကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်လာခဲ့ပါတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို လိမ်ညာဖုံးကွယ်ပြီး ပြည်ဖျက်မီဒီယာတွေရဲ့ အားကိုယူကာ တပ်မတော်ကပဲ အာဏာလုယူသယောင် ဝါဒဖြန့်ပြီး လူငယ်တွေကို လမ်းပေါ်ခေါ် ဆူပူဆန္ဒပြမှုတွေကို လုပ်ခိုင်းခဲ့ကြပါတယ်။ 

ပြည်ဖျက်မိစ္ဆာများဟာ အဲဒီလောက်နဲ့ အားရကျေနပ်သွားခြင်းမျိုး မရှိပါဘူး။ မူလကတည်းကလည်း မဲလိမ်မဲခိုးပြီး အာဏာရယူမယ်။ မအောင်မြင်ခဲ့သော် ဆူပူအကြမ်းဖက်လှုပ်ရှားမှုကို ဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် ဆူပူဆန္ဒပြမှုတွေဖြစ်ပြီး တာဝန်ရှိသူများရဲ့ စိစစ်ဖော်ထုတ်ချက်အရ လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်တဲတွေမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ပြည်ဖျက်ပါတီ NLD ဟာ အာဏာလက်မဲ့ဖြစ်ခဲ့ရသော် မစားရတဲ့အမဲ သဲနဲ့ပတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းပြည်ကို အဆိုးဆုံးအခြေအနေထိရောက်အောင် လုပ်ဆောင်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှု စတင်ခဲ့တဲ့အခြေအနေမှာတော့ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခိုင်းတယ်။ PDF အကြမ်းဖက်အဖွဲ့တွေကို စတင်ဖွဲ့စည်းခဲ့တယ်။ ၂၀၂၆ ခုနှစ် မေလ (၅) ရက်နေ့မှာ PDF အကြမ်းဖက်အဖွဲ့များဖွဲ့စည်းခြင်း (၅)နှစ်ပြည့် အခမ်းအနားများ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ တွေ့မြင်ရပါတယ်။ ဆိုတော့ ၂၀၂၁ခုနှစ် မေလ (၅) ရက်နေ့မှာ PDF အကြမ်းဖက်အဖွဲ့တွေ စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ပါတယ်။ 

အကြမ်းဖက်လှုပ်ရှားမှု (၅)နှစ်တာ ကာလကို ပြန်ကြည့်မယ်ဆိုရင် NLD ပါတီ ဦးဆောင်သူနဲ့ လော်ဘီများရဲ့ နိုင်ငံရေးမှိုင်းမိနေတဲ့ နီပိန်း ပဒက်တွေဟာ ငါနဲ့မတူ ငါ့ရန်သူ၊ ကိုယ့်ဆွေမျိုးသားချင်းလည်း ပြဿနာရှာ၊ ကိုယ့်ရွာသူရွာသားအချင်းချင်း ဖမ်းဆီးသတ်ဖြတ်၊ လမ်းတံတားတွေကို ဖျက်ဆီး၊ အခြေခံအဆောက်အဦတွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံများပါမချန် ဖျက်ဆီးခဲ့ကြပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူများနဲ့ အကြမ်းဖက်လှုံ့ဆော်သူများရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့် နီပိန်း ပဒက်တွေဟာ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ဆရာ၊ ဆရာမများနဲ့ ပညာရေးဝန်ထမ်းများကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ခဲ့ကြသလို ၎င်းတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ဘုန်းတော်ကြီးတွေကိုလည်း ရက်စက်စွာ သတ်ဖြတ်သည်အထိ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ခဲ့ရပါတယ်။

ပြည်ဖျက်မိစ္ဆာတွေ မီးကုန်ယမ်းကုန် တိုင်းဖျက် ပြည်ဖျက် လုပ်နေသည့်တိုင်အောင် အာဏာပိုင်အဖွဲ့အစည်းထဲမှာတော့ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်ရေးကို နိုင်ငံတော်အကြီးအကဲများက မည်သို့ပင် လမ်းညွှန်နေစေကာမူ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာလိုမှုတွေ ရှိနေတာကြောင့် လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများမှာ အကြမ်းဖက်ဘေးဒဏ်ကို လိုသည်ထက်ပိုပြီး ဆိုးရွားစွာ ခါးစည်းခံခဲ့ရပါတယ်။ 

နိုင်ငံတော်အကြီးအကဲများက ပြည်သူပူးပေါင်းပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို ဖော်ဆောင်ဖို့ လမ်းညွှန်တဲ့ကာလမှာ ဒေသအာဏာပိုင်တချို့က ပူးပေါင်းဆောင်ရွက်တဲ့ ပြည်သူများကိုပင် စစ်သွေးကြွများလို့ ကင်ပွန်းတပ်တဲ့အတွက် ဒေသခံပြည်သူတချို့ အကြမ်းဖက်ဘေးဒဏ်ကြားက လွတ်မြောက်အောင် ရုန်းထွက်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။ ယခုအချိန်အထိ အိမ်မပြန်နိုင်ကြသေးတဲ့ ရွှေဘို၊ အရာတော်နယ် က နီပိန်း ပဒက် အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုကြောင့် တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ အသိဆုံးပါပဲ။ အကြမ်းဖက်နှိမ်နင်းရေးကို ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူများကို စစ်သွေးကြွလို့ စော်ကားခဲ့တဲ့ အာဏာပိုင်တွေနဲ့ တွေ့ခဲ့ကြရတယ်။

တချို့က အသားထဲကလောက်လို့ ဆိုရင်ရနိုင်ပါတယ်။ ဒီမြို့နယ်အတွင်း နီပိန်း ပဒက်အကြမ်းဖက်သမား အခြေပြုနေရာတွေကို တာဝန်သိသူများက သွားရောက်ရှင်းလင်းမယ်ဆိုရင် အသားထဲက လောက်တွေက ကြိုတင်ပြီး နီပိန်း ပဒက်တွေကို သတင်းပေးပို့ထားတယ်။ နီပိန်း ပဒက်တွေရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံရပြီး တပ်မတော်အရာရှိများ ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ 

အနှစ်ချုပ်အားဖြင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NLD ဦးဆောင်သူများနဲ့ လော်ဘီများရဲ့ သွေးထိုးလှုံ့ဆော်မှု၊ KNUနှင့် KIA ထံမှာ အကြမ်းဖက်သင်တန်းတက်ပြီး မိုက်သွေးကြွလာတဲ့ နီပိန်း ပဒက်တွေဟာ သံဃာတော်များ၊ ဆရာ/ ဆရာမများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လက်နက်မဲ့ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတဲ့ ဖြစ်စဉ်ဖြစ်ရပ်များမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း သောင်းနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ 

၂၀၂၅ နှစ်ကုန်ပိုင်းမှ ယခု ၂၀၂၆ ကာလအပိုင်းအခြားမှာတော့ အကြမ်းဖက်နှိမ်နင်းရေးဟာ ထိရောက်မှု ရှိလာပါတယ်။ နောင်ချို၊ ကျောက်မဲနဲ့ ကယားပြည်နယ်ထဲက မြို့နယ်တွေမှာ အကြမ်းဖက်နှိမ်နင်းရေး အောင်မြင်မှုတွေရလာပြီး မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်းမှသည် အကြမ်းဖက်နှိမ်နင်းရေးက ဆက်တိုက်ဆိုသလို ထိရောက်မှု ရှိလာတာကြောင့် PDF အကြမ်းဖက်သမားတွေ အသေအဆုံးများစွာနဲ့ ဆုတ်ခွါထွက်ပြေးရတာတွေ ရှိလာပါတယ်။ PDF အဖွဲ့အတွင်းမှာ အစားအစာ ဝလင်အောင် မစားရ၊ ကြီးနိုင်ငယ်ညှဉ်း ရက်စက်ယုတ်မာမှုတွေကြောင့် အသိမှန် အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေလည်း များစွာ ရှိလာပါတယ်။

နိဂုံးချုပ်အားဖြင့် PDF အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းပြီး အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ ငါးနှစ်တာကာလမှာ PDF တွေကို အကြောင်းပြုပြီး ကမ္ဘာအရပ်ရပ်မှာ ခွက်ခေါက်နေတဲ့ ပြည်ပြေး သူတောင်းစားဂိုဏ်းချုပ်များ ကြီးပွားချမ်းသာသွားကြပါတယ်။ အသားထဲက လောက်ထွက်၊ အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာတဲ့ အာဏာပိုင်တချို့လည်း ထိုနည်းတူစွာပါပဲ။ မိုက်သွေးကြွနေတဲ့ နီပိန်း ပဒက်လေးတွေမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်များဖြစ်ခဲ့ရပြီး ဆင်ခြင်တုံတရားမဲ့စွာနဲ့ အသေခံ တိုက်ခိုက်တဲ့ အကြမ်းဖက်သမားများအဖြစ် အသုံးချခံဘဝကို ရောက်ခဲ့ရပြီး KNU, KIA, TNLA, AA, MNDAA အစရှိသော လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ လက်ပါးစေအဖြစ်နဲ့ သေချင်းမလှ အသေဆိုးနဲ့ သေခဲ့ကြရပါတယ်။

PDF အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များကနေ ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ရင်ဖွင့် ပြောကြားချက်တွေမှာလည်း ခေါင်းဆောင်ဆိုသူတွေမှာ ခေါင်းဆောင်စိတ်ဓာတ်မရှိ လူငယ်တွေကို ဓားမြတိုက်ခိုင်းပြီး သူတို့က ဆီဦးထောပတ်စားတယ်။ လူငယ်တွေကိုတော့ ထမင်းတောင် ဝအောင်မကျွေးဘဲ အကြမ်းဖက်သမားအဖြစ် ခိုင်းစေတယ်။ ပြည်ဖျက်မီဒီယာတွေမှာတော့ PDF အပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များရဲ့ လုပ်ရပ်တွေကို တော်လှန်ရေးလို့ မဟုတ်တန်းတရား ရေးသားဝါဒဖြန့်နေကြပေမယ့် ဒီလှုပ်ရှားမှုဟာ တော်လှန်ရေးမဟုတ်ဘူး။ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှု၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကို မျက်ဝါးထင်ထင် သိမြင်နားလည်ခွင့်ရခဲ့တဲ့ သမိုင်းမှတ်တမ်း တစ်ခုဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရ၊ တပ်မတော် က PDF အပါအဝင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထဲမှာ ကျန်ရှိနေသေးတဲ့ လူငယ်များကို ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့အတွက်လည်း လမ်းဖွင့်ပေးထားပြီး ဖြစ်တဲ့အတွက် PDF အဖွဲ့များထဲမှာ ကျန်ရှိနေသေးတဲ့ ညီငယ်၊ ညီမငယ်တွေ အနေနဲ့လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနဲ့ ဆက်သွယ်ကာ အမြန်ဆုံး ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို ပြည်ပုံးကားချရမယ့် အချိန်ဖြစ်ပါတယ်။ 

နီပိန်း ပဒက် လူငယ်များ မိုက်သွေးကြွနေသ၍ ပြည်ပြေး ဝရမ်းပြေးတွေဟာ လူငယ်များကို အသုံးချပြီး အာချောင်၊ ခွက်ခေါက် စီးပွားရှာနေကြမှာပဲ ဖြစ်တယ်ဆိုတာကို သိရှိနားလည်ပြီး အကြမ်းဖက်သမားများအဖြစ်ကနေ ရုန်းထွက်ကြပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)