Pages

Pages

စဉ့်ကိုင်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်


စဉ့်ကိုင်   ၊ မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မေ ၁၀ ရက် နံနက် ၉ နာရီက လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် တာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပက်ဖျန်း‌ပေးခဲ့ကြပြီး သတ်မှတ်နေတွင် စိုက်ထူခဲ့ကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (တံတားဦး) ဦးတိုက်ကြည်၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်တို့က လွှတ်‌တော်ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment