ကျိုက်ထို၊ မေ ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနလမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက Golden Bliss Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန မွန်ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ပြောကြားပြီး မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မွန်ဇုန်)ဥက္ကဋ္ဌ ဦးချန်ထွန်းက နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ မြန်မာ နိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မွန်ဇုန်)အတွင်းရေးမှူး ဦးစောသက်နိုင်က သင်တန်းလာရောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းသား(၃၀)အား (၁၁-၅-၂၀၂၆)ရက်နေ့မှ (၂၅-၅-၂၀၂၆)ရက်နေ့ထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#MNP #News





No comments:
Post a Comment