မေ - ၉ ( စနေနေ့ )
ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်ဘက်က ညတွင်းချင်း တိုက်ခိုက်မှုကြောင့် အီရန်ကုန်တင် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘောသား ၁၀ ဦး ဒဏ်ရာရခဲ့ကာ အခြားငါးဦး ပျောက်ဆုံးနေကြောင်း အီရန်အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။
အီရန်နှင့် အမေရိကန်တို့သည် ဧပြီ ၈ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲထားပေမဲ့ ကြာသပတေးနေ့ကနေ သောကြာနေ့အထိ တစ်ညလုံး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
"မနေ့ညက ဟော်မုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့ မှာ အမေရိကန်တွေရဲ့ ပြင်းထန်တဲ့ လုပ်ရပ်တွေအတွင်း မင်းနပ်ဘ် ရေပြင်နားက ကုန်တင်သင်္ဘောတစ်စင်းကို ထိမှန်ပြီး မီးလောင်ခဲ့ပါတယ်" လို့ အီရန် တောင်ပိုင်း ဟောမုဇ်ဂန်ပြည်နယ်မှ တာဝန်ရှိသူက ဆိုပါတယ်။
“ဒဏ်ရာရသင်္ဘောသား ၁၀ ဦးကို ဆေးရုံကို လွှဲပြောင်းထားပြီး၊ ဒေသခံအဖွဲ့တွေနဲ့ ရှာဖွေရေးအဖွဲ့တွေက တခြားသင်္ဘောသား (၅) ဦးကို ရှာဖွေနေပါတယ်” လို့လည်း ဆိုပါတယ်။ အမေရိကန်တွေက ကုန်တင်သင်္ဘောကို တိုက်ရိုက်ပစ်မှတ်ထားသလားဆိုတာ ချက်ချင်းမသိရသေးပါဘူး။
အမေရိကန်စစ်ဌာချုပ်ကတော့ အမေရိကန်စစ်သင်္ဘောသုံးစင်းကို အီရန်တပ်ဖွဲ့ဝင်များက ဒုံးကျည်များ၊ ဒရုန်းများနှင့် စစ်လှေငယ်များနဲ့ ညတွင်းချင်း ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ကြောင်း၊ အီရန်ရဲ့ မြေပြင်အခြေစိုက်စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ဆိုပါတယ်။
“မနေ့ညက ဖြစ်ခဲ့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တာ ဖြစ်ပါတယ်”လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “တစ်ချိန်တည်းမှာပင် အီရန်ကို ခုခံကာကွယ်ပေးသူများက ရန်သူကို ကြီးမားသော ရိုက်ချက်တစ်ခု ပေးခဲ့ပြီး ရန်သူများ၏ ရန်လိုမှုကို အင်အားအပြည့်ဖြင့် ချေမှုန်းပစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
REF: money control
#MNP #News


No comments:
Post a Comment