ဂန့်ဂေါ၊ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဂန့်ဂေါမြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၆-၂၀၂၇ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူပွဲများကို မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ အခြေခံပညာ မူလတန်းကျောင်း(မြို့မတောင်ပိုင်း)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကျောတိုက်)၊ အခြေခံပညာ အထက်တန်းကျောင်း(ဂန့်ဂေါ)၊ အခြေခံပညာမူလတန်းကျောင်း(တပ်တွင်း)နှင့် အခြေခံပညာအလယ်တန်း ကျောင်း(မြောက်ကုန်း)ကျောင်းရှေ့တွင် ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်စိုက်ထူပွဲများကို ကျင်းပပြုလုပ် ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ခုနှစ်၊ မေလ(၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့ဆိုင်းဘုတ်စိုက်ထူပွဲများသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာ ရေးမှူး ဦးဟန်စိုးစိုးနှင့် သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော် ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News





No comments:
Post a Comment