ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအားကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအားကြိုဆို







ပဲခူး၊ မေ ၁၈

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်းများ အား ကြိုဆိုသည့်အခမ်းအနားကို မေလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အသင်းများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်းတိုအား လက်ဘက်ရည်နှင့်မုန့်တိုဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲအုပ်စု(ခ) ပဲခူးဇုန်အုပ်စုပတ်လည်ပွဲစဉ်များကို ပဲခူးတိုင်းဒေသကြီးအားကစား ဥယျာဉ်ဘောလုံးကွင်း၌ မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးအသင်း၊ နေပြည်တော် အသင်း၊ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)