မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးကမ်ပိန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးကမ်ပိန်းဆောင်ရွက်


မိတ္ထီလာ  ၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ကမ်ပိန်းကို ယနေ့နံနက် ၈ နာရီက အထက(၁) ပညာရေးစုံခန်းမရှေ့နှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမတွင် ဖြတ်သန်းသွားလာကြသည့်  ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား မန္တလေးဒေသ ကြီးအစိုးရအဖွဲ့က ထုတ်ဝေသည့် ၂ဝ၂၂၆-၂ဝ၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ပါဝင်သည့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးလက်ကမ်း စာစောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊  ခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော် အောင်လေးနှင့် ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက  အသိပညာပေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ချမ်းသာ  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)