Pages

Pages

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှရက်(၁၀၀)စီမံချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး





ကျိုက်ထို၊ မေ ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်  ရက်(၁၀၀)စီမံချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးသန့်ဇင်လင်းတို့မှ ဦးဆောင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်အတွင်း ပြည်နယ်အစိုးရရန်ပုံငွေ(၁၁.၆၀၀) သန်းဖြင့် (၁၁၅'×၁၂'×၆")ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ (၁၆.၈၀၀)သန်းဖြင့် (၂၀၀၀ စ/ပေ) လမ်းဆုံနေရာများ၌ ကွန်ကရစ်ဖြည့်ခြင်းလုပ်ငန်း၊ (၇.၁၀၀)သန်းဖြင့် (၆'×၁၅'×၃') ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တည်‌ဆောက်နေမှုများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုး

#MNP #News

No comments:

Post a Comment