မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်းဝန်းဖမ်းဆီးခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ‌ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်းဝန်းဖမ်းဆီးခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ‌ပေးအပ်












မြောက်ဥက္ကလာပ၊ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော် အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ မိမိရပ်ရွာ ကာကွယ်လိုစိတ်ဖြင့် သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်းဝန်းဖမ်းဆီးခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ‌ပေးအပ်ခြင်းကို ယမန်နေ့က (၂)ရပ်ကွက် ၊ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရက် ၁၀၀ စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်းဝန်းဖမ်းဆီးခဲ့သူများအား  ဂုဏ်ပြု မှတ်တမ်းလွှာ‌ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပရာ တက် ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ဖိတ်ကြားထားသော ဧည့်သည့်တော် ဗိုလ်မှုး ဖြိုးဝေလင်းမှ အမှာစကား ပြောကြားကာ ဂုဏ်ပြုပွဲ ကျင်းပရေး ယာယီ ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းဦးက ဂုဏ်ပြုပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရက် ၁၀၀ စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ (၂)ရပ်ကွက်အတွင်း မေ ၇ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ဓားပြမှုဖြစ်စဉ်တွင် သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်းဝန်းဖမ်းဆီးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများက တစ်ဦးချင်း အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် နိုင်ငံကျော် တေးသံရှင် ဖိုးသောကြာ နှင့် တေးသံရှင် စိမ်းရတနာတို့မှ ဂုဏ်ပြု တေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ ကြကြောင်းသိရသည်။


ခိုင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)