မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ထောက်ပံ့ငွေဖြင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ဂုဏ်ပြုညစာစားပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ထောက်ပံ့ငွေဖြင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ဂုဏ်ပြုညစာစားပွဲပြုလုပ်






ပခုက္ကူ၊ မေ ၁၅

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၏ထောက်ပံ့ငွေဖြင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မေလ၁၄ရက် မွန်းလွဲ၄နာရီအချိန်က ပညာရေးနှင့်သင်နည်းပြနည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂/၂၀၂၆)နှင့် အမှတ်စဉ်(၂)ဒုတိယနှစ်ဝက်သင်တန်းသား သင်တန်းသူများအတွက် သင်တန်းဆင်းဂုဏ်ပြုည စာစားပွဲကျင်းပပြုလုပ်ပေးလျက်ရှိသည်။

ပထမဦးစွာ ပခုက္ကူခရိုင်ပညာရေးမှူး ဦးနိန်ဟုန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများကိုယ်စား နတ်မောက်မြို့နယ်မှသင်တန်းသား ဦးဇော်မျိုးနိုင်က  ကျေးဇူးတင်စကားပြန်လည် ပြောကြားရာ သင်တန်းသား သင်တန်းသူများ၏ ဂုဏ်ပြုတေးသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် မှုများနှင့်အတူ ဂုဏ်ပြုညစာစားပွဲကို ပျော်ရွှင်ဆက်လက်ဆင်နွှဲကြသည်။

လုပ်ငန်းခွင်တွင်းရှိ ပညာရေးဒီပလိုမာမရရှိသေးသည့် ဆရာဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးပိုမိုပြည့်ဝသည့် ဆရာဆရာမများ မွေးထုတ်ပေးရန်၊ အခြေခံပညာကဏ္ဍရှိ အခြေခံပညာ ကျောင်းများတွင် စိတ်ဓာတ်၊စည်းကမ်းကောင်းမွန်ပြီး သင်ကြားရေးစွမ်းရည်မြင့်မားသော မူလတန်းပြ၊ အလယ်တန်းပြဆရာဆရာမများဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်၊ ဆရာ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ပေါက်၊ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်း၊ဆော၊ နတ်မောက်၊ ချောက်၊ ရေနံချောင်းနှင့် ပွင့်ဖြူမြို့နယ်များရှိ အခြေခံပညာကျောင်းများမှ မူလတန်းနှင့်အလယ်တန်းပြ ဆရာ ဆရာမ (၈၁၉)ဦးတက်ရောက်ခဲ့ပြီး ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ သင်ကြားရေးဆရာ ဆရာမ(၆၁)ဦးတို့က ပညာရေးသဘောတရား၊ မြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာနှင့်သိပ္ပံသင်ပြနည်းများ၊ အထွေထွေနှင့်လူမှုရေးဘာ သာ၊ ဂီတအနုပညာ၊ ပန်းချီအနုပညာ၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှု/စက်မှုလက်မှု၊ ကာယပညာရပ်များကို ၂၀၂၆ခုနှစ်၊ ဧပြီလ ၁ရက်မှ မေလ ၂၂ရက်နေ့အထိ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချပေးလျက်ရှိ ကြောင်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊  တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါသောခရီးစဉ်တွင် သင်တန်းကျောင်းရှိ ဆရာဆရာမများ၊ သင် တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံပြီး ပေးအပ်ချီးမြှင့်ခဲ့သောထောက်ပံ့ငွေများဖြင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းထံက သိရသည်။ 


ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)