Pages

Pages

ဂန့်ဂေါမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိ






ဂန့်ဂေါ၊ မေ ၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မေလ ၁ ရက်နေ့ နံနက်(၈)နာရီအချိန်မှစတင်၍ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများကို ဂန့်ဂေါခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံ/တိုက်ကျွေးပေးလျက် ရှိသည်။

ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင်  မွေးစမှအသက်ငါးနှစ်အောက် ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး၊ ပိုလီယိုအကြောသေ ကာကွယ်ဆေး (သောက်ဆေး/ထိုးဆေး)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ကာကွယ် ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ် အပိုင်းအခြားအလိုက် သတ်မှတ် အကြိမ်ရေအတိုင်း ထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး များကို ထိုးနှံပေးခြင်း ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံရာသို့ ဂန့်ဂေါမြို့ပေါ်ရက်ကွက်များနှင့် မြို့နယ်အတွင်းရှိ အနောက်ဂန့်ဂေါ၊ ရှုံးရှီ၊ အုတ်လှ၊ ဇာဟော၊ မကျည်းခင်၊ ပြစ်မ၊ လယ်မ၊ ကန်သာ၊ ကုန်းရွာ၊ ကျွန်းဒတ်၊ စန်းမြို့၊ နှမ်းခါး၊ တော်ဝင်၊ ကျွဲနန်းနှင့် မြင်သားကျေးရွာများမှလည်းကောင်း ထီးလင်းမြို့နယ်အတွင်းရှိ မျက်မြှောင်၊ လယ်ကန်း၊ မြစ်ကိုင်း၊ ရှဲ၊ ငှက်ပျင်း၊ ကံသာ၊ မိုးကောင်းနှင့် ရေပုတ်ကျေးရွာများမှလည်းကောင်း ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများလာရောက်၍ ထိုးနှံခဲ့ကြရာ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးခဲ့ကြသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုအပေါ် ခရိုင်ကျန်းမာရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးစမှအသက်ငါးနှစ်အောက်ကလေးငယ်များကို မေလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ နံနက်(၈)နာရီမှ(၁၂) နာရီထိ၊ နေ့လယ်(၁)နာရီမှ(၃)နာရီအထိ ကာကွယ်ဆေးများကိုဆက်လက်၍ ထိုးနှံ/တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment