နေပြည်တော်၊ မေ ၃၁
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF နိုင်ငံတော်အစိုးရအနေဖြင့် အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသတွင်း လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်မှု ယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးများ ဆောင် ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီ စိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များကို ဆောင်ရွက်ကာ ပြည်သူလူထုအတွက် အရေး ပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်-မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်အား အပြည့် အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ပထမအကြိမ်အဖြစ် မေလ ၁၂ ရက်တွင် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ် ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာ များ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့် ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင် လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများသည် ဒုတိယအကြိမ်အဖြစ် မန္တလေး မြို့မှ မေ ၂၂ ရက်တွင် စတင်ထွက်ခွာခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်များ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင်ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ အဆိုပါမော်တော်ယာဉ်များပေါ်တွင် ပါရှိလာသည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များအား သက်ဆိုင်ရာအခြေခံပညာကျောင်းများသို့လည်းကောင်း၊ ဆေးနှင့် ဆေးဝါးပစ္စည်းများအား မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ မီးသတ် ကားများအား ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနသို့လည်းကောင်း၊ အသီးသီး ပို့ဆောင် ပေးနေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News













No comments:
Post a Comment