တောင်အာဖရိကမှာ အကျင့်ပျက်ခြစားတဲ့ ထောင်ဝန်ထမ်းတွေ ထောင်နဲ့ချီပြီး အပြစ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်အာဖရိကမှာ အကျင့်ပျက်ခြစားတဲ့ ထောင်ဝန်ထမ်းတွေ ထောင်နဲ့ချီပြီး အပြစ်ပေး



မေ - ၁၄ ( ကြာသပတေးနေ့ ) 

ထောင်ထဲကို ဆဲလ်ဖုန်းနဲ့ မူးယစ်ဆေးဝါးများသွင်းပေးတာလို မှောင်ခိုကုန်ကူးမှုများလုပ်တဲ့အပြင် အကျင့်ပျက် ခြစားမှုတွေလုပ်တဲ့ ထောင်အမှုထမ်းတွေနဲ့ အရာထမ်း ၂၃၈၈ ဦးကို ၂၀၂၅/၂၆ ဘဏ္ဍရေးနှစ် အတွင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေပြုလုပ်ခဲ့တယ် လို့ တောင်အာဖရိက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဝန်ကြီး ပီတာဂိုနီဝါဒ် က ပြောကြားခဲ့ပါတယ်။ 

၂၀၂၆ မတ်လ ၄ ရက်နေ့က EFF ပါလီမန်အမတ် တစ်ဦးက လွှတ်တော်မှာ ထောင်ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အဆိုကိုတင်သွင်းပြီးနောက်မှာ ဝန်ကြီးက ရှင်းလင်းချက်ပေးခဲ့ပြီး လွှတ်တော်ကို အသေးစိတ်အချက်အလက်များ တင်သွင်းခဲ့ပါတယ်။ 

လွှတ်တော်အမတ်က တာဝန်ရှိသူများအား စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်းဆိုင်ရာ အချက်အလက်များကို ရှာဖွေခဲ့ပြီး ပြုပြင်ရေးဌာနများတွင် ပတ်ဝန်းကျင်လုံခြုံရေး အားနည်းချက်များကို ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးဌာနက ထောင်အရာရှိ ၂၈၉ ဦးကို ဆိုင်းငံ့ထားပြီး ၁၁၈ ဦးကို အလုပ်ထုတ်ခဲ့ပါတယ်။ 

၂၀၂၅/ ၂၆  ဘဏ္ဍာရေးနှစ်တွင် စည်းကမ်းအရ အရေးယူခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ထုတ်ပယ်ခြင်းခံရသည့် အရာရှိ ၂၃၈၈ ဦးရှိပြီး အကျင့်ပျက်ခြစားမှုတွင် အရာရှိ ၂၅ ဦး၊ လက်ကိုင်ဖုန်းနှင့် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းချရာတွင် အကူအညီပေးတဲ့ အရာရှိ ၁၃၇ ဦးတို့ ကို ရာထူးမှ ရပ်ဆိုင်းခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)