ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေး

 


ပြင်ဦးလွင်   ၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်ဦးလွင်မြို့နယ်ရှိ လူစည်ကားရာနေရာတစ်ခုဖြစ်သော ရပ်ကွက်ကြီး(၂)၊ သုမင်္ဂလာ‌ဈေးကြီးမီးပွိုင့်၌ လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးသည်။ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေမြဲစေရန် မိဘများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြစေရန်နှင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို ၂၀၂၆ခုနှစ် မေ၂၅ရက်မှ မေ၃၁ရက်အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ပြင်ဦးလွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ ခရိုင်ပညာရေးမှူး ဦးကျော်ကျော်မွန်နှင့် ဝန်ထမ်းများက လက်ကမ်းစာစောင် စောင်ရေ ၈၀၀ အား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးသွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)