ပြည်သူ့စစ်မှူထမ်းအမှတ်စဉ် (၁)မှတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီး၍ နေရပ်သို့ပြန်လာသူအား ကြိုဆိုဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့စစ်မှူထမ်းအမှတ်စဉ် (၁)မှတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီး၍ နေရပ်သို့ပြန်လာသူအား ကြိုဆိုဂုဏ်ပြု









ထန်းတပင်၊ မေ ၁၃

ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာ့အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှူထမ်းအမှတ်စဉ် (၁)မှတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီး၍ နေရပ်သို့ပြန်လာသော မောင်ရဲဝင်းဖြိုး (ဘ)ဦးညီညီအောင် အား ၁၃.၅.၂၀၂၆ရက်နေ့ ၀၉၃၀ချိန်တွင် ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်စီမံရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ ဒု ဥက္ကဋ္ဌ ဦးမင်းသက်ခိုင်နှင့်အဖွဲ့ဝင်များ၊ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး၊ တက်သစ်ကျေးရွာရှိ အမျိုးသမီးရေးရာရပ်ကျေးဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင် ဦးစီး ၃ ဦးနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရပ်ကျေးစည်းရုံးရေးမှူ ဒေါ်ကေခိုင်ဦး ဦးစီး၃ဦးနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း၊ အဆိုပါဂုဏ်ပြုခံရသူ မောင်ရဲဝင်းဖြိုးအား တက်သစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိန်အေးမှဂုဏ်ပြုငွေ (၁၀)သိန်းကျပ်၊ ကျေးရွာနေပြည်သူများမှ ဂုဏ်ပြုငွေ(၅)သိန်းကျပ်၊ ဆန် ၁ အိတ်၊ ဆီ ၅ ပိသာ ၁ ပုံး၊ ကြက်ဥ ၃၀လုံးပါ တစ်ကဒ်၊ ကော်ဖီမစ်အကြီး ၁ ထုပ်၊ မုန့်ပုံး ၁ ပုံးတို့အားပေးအပ်ပြီး ဂုဏ်ပြုခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)