တောင်အာဖရိကမှာ မနေကြဖို့နဲ့ ချက်ခြင်းရွှေ့ပြောင်းဖို့ ဂါနာ သမ္မတ အမိန့်ထုတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်အာဖရိကမှာ မနေကြဖို့နဲ့ ချက်ခြင်းရွှေ့ပြောင်းဖို့ ဂါနာ သမ္မတ အမိန့်ထုတ်



မေ- ၁၅ ( သောကြာနေ့ ) 

ဂါနာသမ္မတ ဂျွန်မဟာမာ က ဂါနာနိုင်ငံသားတွေနဲ့ အခြားနိုင်ငံခြားသားတွေကို တိုက်ခိုက်မှု လုပ်လာတဲ့ တောင်အာဖရိကနိုင်ငံရဲ့  မျိုးချစ်တွေရဲ့ ရန်ကို ရှောင်ရှားဖို့ ဂါနာနိုင်ငံသား ၃၀၀ ကို ချက်ခြင်းရွှေ့ပြောင်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။ 

ဂါနာနိုင်ငံခြားရေးဝန်ကြီး က ဒုက္ခရောက်နေတဲ့ ဂါနာနိုင်ငံသားများကို ကယ်ဆယ်ရန် တောင်အာဖရိကနိုင်ငံမှာ က ဂါနာသံရုံးကို လူစာရင်းချက်ခြင်း ကောက်ယူပြီးပေးဖို့အတွက် ညွှန်ကြားချက်ပေးလိုက်ပါတယ်။ "ဂါနာအစိုးရ အနေနဲ့  ပြည်တွင်းပြည်ပ ဂါနာနိုင်ငံသားအားလုံး၏ ကောင်းကျိုးချမ်းသာကို ဆက်လက်ကာကွယ်ပေးသွားမှာပါ” လို့ နိုင်ငံခြားရေး ဝန်ကြီး က ၎င်းရဲ့ အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

တောင်အာဖရိကနိုင်ငံမှာ မကြာသေးမီရက်သတ္တပတ်များအတွင်းက နိုင်ငံအနှံ့အပြားတွင် အထောက်အထားမဲ့ နိုင်ငံခြားသားများအပေါ် ဆန္ဒပြမှုများ ဆက်လက်ပျံ့နှံ့နေပါတယ်။ တောင်အာဖရိကတွင် ရွှေ့ပြောင်းအခြေချ ဆန့်ကျင်ရေး အဖွဲ့များက အရေးအခင်းများလုပ်နေပါကြောင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသားတွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရန် တောင်အာဖရိက ဂျိုဟန်နက်စ်ဘတ်မြို့တွင် ပြီးခဲ့သည့်လနှောင်းပိုင်းက ရာနှင့်ချီတဲ့ ချီတက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ 

ဒူဒူလာ စစ်ဆင်ရေး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးအဖွဲ့များက အငြင်းပွားမှု၏ ဗဟိုအချက်အချာ ဖြစ်လာပါတယ်။ ဂျိုဟန်နက်စ်ဘာ့ဂ် အထက်တရားရုံးတစ်ခုကတော့ အဲ့ဒိအဖွဲ့တွေရဲ့ အပြုအမူများက ဥပဒေနှင့်မညီဘဲ မျက်ကန်းမျိုးချစ်ဆန်တဲ့ လှုတ်ရှားမှုတွေလို့ ထုတ်ပြန်ပါတယ်။  နိုင်ငံခြားသားများအား နှောင့်ယှက်မှု၊ အမုန်းစကားများနဲ့ တားမြစ်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် အိမ်ရာများမှ နိုင်ငံခြားသားများလက်မခံဖို့ကို ကိုယ်တိုင်လည်း လုပ်ဆောင် လှုံ့ဆော်မှုတွေကိုလည်း လုပ်နေလို့ တရားရုံးရဲ့  တားမြစ်ချက်ကို ထုတ်ပြန်ထားပါတယ်။ 

ဧပြီလ ၂၇ ရက်နေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပြည်ပနိုင်ငံသားများ အပေါ်  “မျက်ကန်းမျိုးချစ်တိုက်ခိုက်မှုများနှင့် နှောင့်ယှက်ခြိမ်းခြောက်မှု” ဆိုတဲ့ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး သတိပေးထားပါတယ်။


Ref: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)