ပြည်ပသို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများအား သိရှိနားလည်အောင်လေ့လာပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း‌ပြီး ကူညီဆောင်ရွက်ပေးသွားရမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပသို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများအား သိရှိနားလည်အောင်လေ့လာပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း‌ပြီး ကူညီဆောင်ရွက်ပေးသွားရမည်


နေပြည်‌တော်၊ မေ ၉

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ (၁/၂၀၂၆) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဦးထွန်းအုံက ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်လျာထားချက်၏ နှစ်ဆပြည့်မီအောင် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများအား သိရှိနားလည်အောင်လေ့လာပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း‌ပြီး ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေးကိစ္စရပ်များ၊ စက်သုံးဆီ၊ စားသုံးဆီဖြန့်ဖြူးမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)