၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းလက်ကမ်းစာစောင် ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းလက်ကမ်းစာစောင် ဖြန့်ဝေ






ပေါင်၊ မေ  ၁၈

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်  နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ဦးဆောင်မှုဖြင့်  မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေး နှိုးဆော်ခြင်းလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေး၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကေသီစိုးနှင့် ဝန်ထမ်းများ၊မြို့နယ်ပညာရေးမှုးဒေါ်မြင့်မြင့်အေး   နှင့်ဆရာ၊ဆရာမများ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များက လက်ကမ်းစာစောင်(၅၀၀) အားအခမဲ့ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းအားလုံး မေလ(၂၅)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံပါမည်ဖြစ်ကြောင်း၊ KGမှG-12အထိ ပြဌာန်းစာအုပ်(၁)စုံစီ၊ခဲတံ၊ဘောပင်များ၊မူလတန်းက‌လေးများအတွက် ကျောင်းဝတ်စုံ၊G-1မှ G-12ထိ ကျောင်းသား၊ကျောင်းသူများအတွက် ဗလာစာအုပ် (၁)ဒါဇင်စီ ပေးအပ်မည့်အပြင် အခမဲ့ကျောင်းအပ်နှံရမည့်နိုင်ငံတော် အစိုးရက ကျောင်းသား၊ကျောင်းသူများကို သင်ကြားရမည့် အတန်းလိုက် အခမဲ့ ပေးဝေသွားမည်ဖြစ်သည်။

ပေါင်မြို့နယ်သည် အခြေခံပညာကျောင်းပေါင်း (၁၆၁)ကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းရှိရာ KGမှ G12 အထိ ကျောင်းသား၊ ကျောင်းသူ (၄၇၅၈၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူရုံးမှသိရသည်။


မွန်မလေး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)