ဒီမြေမှာကြီးပြီး ဒီ ရေကိုသောက်ပြီးတော့ လူငယ်တစ်ယောက်အနေနဲ့တော့ အကောင်းအဆိုး ခွဲခြားပြီးတော့ သုံးသပ်သင့်တယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီမြေမှာကြီးပြီး ဒီ ရေကိုသောက်ပြီးတော့ လူငယ်တစ်ယောက်အနေနဲ့တော့ အကောင်းအဆိုး ခွဲခြားပြီးတော့ သုံးသပ်သင့်တယ်


 

ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီ

(ဒီမြေမှာကြီးပြီး ဒီ ရေကိုသောက်ပြီးတော့ လူငယ်တစ်ယောက်အနေနဲ့တော့ အကောင်းအဆိုး ခွဲခြားပြီးတော့ သုံးသပ်သင့်တယ်)

ကျွန်တော်တို့ အနေနဲ့ကတော့ တပ်အထိုင်ပါပဲ။ နောက်ချန်အင်အားအနေနဲ့ တာဝန် ယူပေးရတဲ့ နေရာမှာ နေရတယ်။ ရှေ့တန်းစစ်ဆင်ရေးထွက်နေသူတွေ စားနပ်ရိက္ခာတို့ လက်နက်ခဲယမ်းတို့ကအစ လိုလေသေးမရှိ အစစအရာရာ ပို့ပေးတဲ့ နေရာကနေ တာဝန်ယူပေး ရတယ်။ အတွေ့အကြုံကတော့ အသက်အန္တရာယ်ကြားထဲကလည်း အကောင်း ဆုံးဖြတ်ကျော်ခဲ့ရတယ်။ အခက်အခဲလည်း မြောက်များစွာရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲနဲ့ ဆက်လျှောက်သင့်တယ်လို့တော့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဒီမြေမှာကြီးပြီး ဒီ ရေကိုသောက်ပြီးတော့ လူငယ်တစ်ယောက်အနေနဲ့တော့ အကောင်းအဆိုး ခွဲခြားပြီးတော့ သုံးသပ်သင့်တယ်လို့ ဘာပဲလုပ်လုပ်ပေါ့။ လူငယ်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်နိုင်ခဲ့ပြီလို့တော့ ထင်ပါတယ်။ ကျွန်တော်တို့ ဒီလိုနှစ်ပြည့်တဲ့ အချိန်မှာ အတိအကျပြန်ခေါ်ပေးပြီးတော့ ဆုတံဆိပ်တွေ ချီးမြှင့်ပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။


ကျွန်တော်ကတော့ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်းတစ်ယောက်ပါ။ အတွေ့အကြုံအနေနဲ့ကတော့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲ ရတာတွေ ကြုံတွေ့ခဲ့ရတာတွေ အများကြီးပဲပေါ့။ ကျွန်တော်တို့ အများကြီး သိခဲ့ရတာပေါ့။ အများကြီး စည်းစနစ်ကျသွားတယ်။ ကျွန်တော်တို့က အချိန်နဲ့တစ်ပြေးညီ လုပ်ကိုင်တတ်သွားတာတွေ အရေးကြီးရင်ကြီးသလို အလျင်လိုရင်လိုသလို အမြန်ဆုံးပြောင်းလဲရတာတွေ ရှင်သန်ရတာတွေ အဲဒီလို အများကြီးကွာခြားသွားပါတယ်။ ကိုယ့်ဘဝအတွက်တော့ အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ပြည်သူ့စစ်မှုထမ်းတံဆိပ်ကို ကျွန်တော်တို့အနေနဲ့ လွယ်လွယ် ကူကူရရှိခဲ့ တာမဟုတ်ပါဘူး။ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်ပြီးမှ ရရှိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို လည်း ဂုဏ်ယူမိပါတယ်။ အိုးစားဖက်တွေ အတွက်လည်း ဂုဏ်ယူမိပါတယ်။ အချိန်ကာလ တစ်ခုအထိ အတူတူစား၊ အတူတူသွားခဲ့တဲ့အတွက် သူတို့အတွက်လည်း အများကြီး ဝမ်းနည်း ဝမ်းသာဖြစ်မိပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)