တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-3 သင်တန်း ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-3 သင်တန်း ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ မေ ၂၀

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဖွင့်လှစ်သော တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK - 3 သင်တန်းများဖွင့်ပွဲကို ယမန်နေ့က အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အမှာစကားပြောကြားရာ၌ တရုတ်ဘာသာစကား သင်တန်းဖွင့်လှစ်ခဲ့ခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် (၃)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကာ အွန်လိုင်းနှင့် In Person စနစ်နှစ်မျိုးဖြင့် ထိရောက်စွာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ယခင်အကြိမ်များထက် ထူးခြားချက်အနေဖြင့် ယခုသင်တန်းတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင် (Tourist Police) များပါ တက်ရောက်ကြခြင်းကြောင့် သင်တန်းဖွင့်လှစ်ရခြင်းသည် ပိုမိုအနှစ်သာရရှိပြီး ကောင်းမွန်လေးနက်သည့် အသွင်သဏ္ဍာန်ကို ဆောင်ကြဉ်းပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းဂုဏ်ထူးဆောင် ကျောင်းအုပ်ကြီး ဒေါက်တာစက်တီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လက်ရှိသင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ သင်တန်းဆက်လက်ဖွင့်လှစ်ပို့ချဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် တရုတ်ဘာသာစကား သင်တန်းများတွင် HSK-1 သင်တန်းအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ဝင် ငါးဦးအပါအဝင် သင်တန်းသား ၇၃ ဦးနှင့် HSK-3 သင်တန်းအတွက် သင်တန်းသား ၂၂ ဦး စုစုပေါင်း သင်တန်းသား ၉၅ ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်း ကာလရက်သတ္တရှစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)