ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom နှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom နှင့် တွေ့ဆုံ




ဗန်ကောက်၊ မေ ၈

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Sirilak Niyom နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ ၁၀:၃၀ နာရီအချိန်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အထူးသဖြင့် လွှတ်တော်လုပ်ငန်းစဉ်များ ပြန်လည်စတင်နေမှု၊ ရွေးကောက်ခံအစိုးရမှ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်နေမှုနှင့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခန်းကဏ္ဍအသီးသီးမှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် ကတိကဝတ်ထားရှိမှုတို့ အပေါ် ရှင်းလင်းပြောကြားခဲ့သည်။ Ms. Sirilak Niyom မှ သံအမတ်ကြီးအား ယခုကဲ့သို့ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပေးသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မြန်မာအစိုးရသစ်၏ အပြုသဘောဆောင်သော ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြု ကြိုဆိုပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။ 


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)