မိုင်းရယ် ၊ မေ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတိုပူးပေါင်း၍ မြိုမဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဈေးအတွင်းရှိ ဆိုင်ခန်းများတွင် လိုက်လံစစ်ဆေးခဲ့သည်။
ထိုသိုစစ်ဆေးရာတွင် မြိုနယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးသီဟစိုးနှင့် ဦးစိုင်းလောဝ်ခမ်းတိုဦးစီးသည့် မီးသတ်တပ်ဖွဲဝင်များနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတို့က ဈေးအတွင်းရှိ ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်ဆောင်ထားခြင်း ရှိ၊ မရှိနှင့် မီးသတ်ဆေးအသုံးပြုပုံ၊ ဂက်စ်နှင့်မီးဖိုများအသုံးပြုပါက ဖြစ်ပေါ်လာနိုင်သည့် မီးဘေးအန္တရာယ်၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်းတိုကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး ကြိုတင်ကာကွယ်ခြင်းဆိုင်ရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment