အရာတော်မြို့နယ်၊ ငွေတွင်းရွာမှ ဈေးဝယ်သွားသည့် အမျိုးသမီး (၅)ဦး၊ အမျိုးသား(၂)ဦးကို ၂၅-၅-၂၀၂၆ ရက်နေ့က PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုချက်အရ သိရသည်။
ငွေတွင်းရွာမှာ ပြည်သူ့စစ်ကျေးရွာဖြစ်ကြောင်း၊ ငွေတွင်းနှင့် တစ်မိုင်ခန့်အကွာ မြေနက်ရွာတွင် အနယ်နယ်အရပ်မှ PDF အကြမ်းဖက်သမားများ လာရောက်ခိုအောင်းနေထိုင်လျက်ရှိကြောင်း၊ ငွေတွင်းရွာသူရွာသားများမှာ ရွာပြင်ကို ယာထွက်လုပ်၍ မရသည့် အခြေအနေဖြစ်ကြောင်း၊ စားနပ်ရိက္ခာ ထွက်ဝယ်သည့်အခါ PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသည်မှာ ၃ကြိမ် ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများ ပြန်လွတ်လာသည်မရှိ၊ သေသလား၊ ရှင်သလား မသိရကြောင်း ဒေသခံမှ ဆက်သွယ်ပြောဆိုသည်။
ငွေတွင်းရွာမှာ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိပြီး အနီးဝန်းကျင်တွင် PDF များ ရှိနေခြင်းကြောင့် သွားလာရေး မလွယ်ကူသည့် အခြေအနေမျိုး ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများအနေဖြင့် ထိုသို့ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေကို သိရှိပြီး အကြမ်းဖက်သမားများ ပပျောက်ရေး၊ ဒေသခံများ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် မြန်မာနေရှင်နယ်ပို့စ်မှတဆင့် ဆက်သွယ်၍ အကူအညီတောင်းခံထားသည်။
#MNP #News

No comments:
Post a Comment