The 4th Art Hong Kong Expo ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှလည်း ပြခန်းပါဝင်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

The 4th Art Hong Kong Expo ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှလည်း ပြခန်းပါဝင်ပြသ





ဟောင်ကောင်၊ မေ ၂၁

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် (၁၁၀၀) နာရီ တွင် ဟောင်ကောင်အထူးအုပ်ချုပ်‌ရေးဒေသရှိ AsiaWorld-Expo ၌ ကျင်းပပြုလုပ်ခဲ့သည့် The 4th Art Hong Kong Expo ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ ယခင်အုပ်ချုပ်ရေးမှူး Mrs. Carrie Lam က အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် ဖွင့်ပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 

 The 4th Art Hong Kong Expo ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၈ ရက်အထိ ဟောင်ကောင်အထူးအုပ်ချုပ်‌ရေးဒေသရှိ AsiaWorld-Expo ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့က မြန်မာပြခန်းအဖြစ် မြန်မာ့လက်မှုအနုပညာ ယွန်းထည် ပစ္စည်းများ၊  သစ်သားပန်းပုရုပ်ထုများ၊ မြန်မာ့ရိုးရာထီးများနှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပုံစံ တို့ကို ခင်းကျင်းပြသခဲ့သည်။ ထို့ပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အောင်ဇေ ပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲနှင့် ကျောက်စိမ်းလက်ဝတ်ရတနာ ပစ္စည်းများနှင့် ကနုကမာလက်မှုပစ္စည်းများကို ပါဝင်ပြသရောင်းချခဲ့သည်။ 

 အဆိုပါ The 4th Art Hong Kong Expo တွင် (၅)ကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အမျိုးသား အနုပညာနှင့်ယဉ်ကျေးမှုပြပွဲ၊ (၈)ကြိမ်မြောက် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ အနုပညာနှင့် အမှတ်တရစုဆောင်းဖွယ်ရာပစ္စည်းများပြပွဲနှင့် ၂၀၂၆ ခုနှစ် တရုတ် ဒီဂျစ်တယ် ဖန်တီးမှုပြပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Expo တွင် ဒီဂျစ်တယ်ဖန်တီးမှုပြခန်း၊ ယဉ်ကျေးမှုဆိုင်ရာခရီးသွားပြခန်း၊ နိုင်ငံတကာဉာဏဆိုင်ရာ ယဉ်ကျေးမှုနှင့် ဖန်တီးမှုပစ္စည်းများ ပြခန်း၊ Greater Bay Area ဒေသ ယဉ်ကျေးမှုနှင့် အနုပညာပြခန်းဟူ၍ ခေါင်းစဉ်အလိုက် ဇုန်များခွဲ၍ ပါဝင်ပြသခဲ့ကြကြောင်း သိရသည်။  


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)