နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ၏ လူလိုက်ပါ အာကာသစီမံကိန်း အချက်အချာ Aerospace City သို့ သွားရောက် လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ၏ လူလိုက်ပါ အာကာသစီမံကိန်း အချက်အချာ Aerospace City သို့ သွားရောက် လေ့လာ







တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြိုရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။

Aerospace City သည် ပေကျင်းမြို့ ဟိုင်ဒျန်ခရိုင် (Haidian District) အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး “Project 921” ဟု လူသိများသည့် တရုတ်နိုင်ငံ၏ လူလိုက်ပါအာကာသစီမံကိန်းအတွက် အရေးပါသော အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ အဆိုပါနေရာတွင် အာကာသယာဉ်မှူး လေ့ကျင့်ရေးစင်တာများ၊ မစ်ရှင်ထိန်းချုပ်ရေးစင်တာများနှင့် အာကာသနည်းပညာဆိုင်ရာ သုတေသနအဖွဲ့အစည်းများ တည်ရှိကြသည်။

ဧရိယာ ၂.၃ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းသည့် Aerospace City ကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (Beijing Aerospace Control Centre - BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (China Academy of Space Technology - CAST) နှင့် တရုတ်အာကာသယာဉ်မှူးစင်တာ (Astronaut Centre of China - ACC) တို့၏ အခြေစိုက်ရာနေရာဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးလုပ်ငန်းများ၊ ဂြိုဟ်တုနည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များ၊ အာကာသယာဉ်မှူးလေ့ကျင့်ရေးစနစ်များနှင့် မစ်ရှင်ထိန်းချုပ်ရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသမစ်ရှင်များကို စီမံခန့်ခွဲထိန်းချုပ်ရာ အဓိကဗဟိုချက်တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ NASA မစ်ရှင်ထိန်းချုပ်ရေးစင်တာများနှင့် နှိင်းယှဉ်ဖော်ပြလေ့ရှိသည့် အာကာသနည်းပညာဆိုင်ရာ အရေးပါသော အဆောက်အအုံစုကြီးတစ်ခုလည်း ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)