အိမ်ရှင် မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်း AYA ဖလား ရယူနိုင်မလား - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်ရှင် မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်း AYA ဖလား ရယူနိုင်မလား








AYA TRI NATION CUP 2026 ပြိုင်ပွဲ မြန်မာ - ထိုင်း - ဥဇဘတ်ကစ္စတန် သုံးနိုင်ငံ ယှဉ်ပြိုင်ကြရာမှာ ကံမကောင်း အကြောင်းမလှဖြစ်ပြီး မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ မြန်မာကို နိုင်လိုက်တဲ့ ဥဇဘတ်ကစ္စတန် က ဖလားရရှိဖို့ အတော်လေး နီးစပ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။

သို့သော် ဒုတိယပွဲစဉ်အဖြစ် ထိုင်း - ဥဇဘတ်ကစ္စတန် ယှဉ်ပြိုင်ကြတဲ့အခါကြတော့ ထိုင်းအသင်းက (၁-ဝ) ဆိုတဲ့ ရလဒ်နဲ့ နိုင်လိုက်ပြန်ရော။ အဲဒါကြောင့် ထိုင်း၊ ဥဇဘတ်ကစ္စတန်တို့ဟာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်နဲ့ အခြေအနေကောင်းနေဆဲဖြစ်ပါတယ်။

ထိုင်းက ဥဇဘတ်ကစ္စတန်ကို နိုင်လိုက်တဲ့အတွက် ပွဲကျန်ရှိနေတဲ့ မြန်မာအသင်းအတွက်က မျှော်လင့်ချက်ရှိလာပြန်ရော။ မြန်မာ - ထိုင်း ယှဉ်ပြိုင်တဲ့အခါ မြန်မာအသင်းက အနိုင်ရလဒ် ရယူနိုင်ခဲ့မယ်ဆိုရင် သုံးသင်းပတ်လည် အမှတ်တူ ဖြစ်နေမှာပါ။ ဒီနေရာမှာတော့ တခြားစည်းမျဉ်းစည်းကမ်းတွေ ထည့်ပြောမှာ မဟုတ်ပါဘူး။ ရှုပ်ထွေးပါတယ်။ 

မြန်မာ က ထိုင်းကို (၁-ဝ) နဲ့ နိုင်လို့တော့ အလုပ်မဖြစ်ပါဘူး။ အခြားစည်းမျဉ်းစည်းကမ်းတွေနဲ့ ဆုံးဖြတ်လိုက်ရင် ထိုင်းက ဖလားရသွားပါလိမ့်မယ်။ မြန်မာ က (၂-ဝ) ဒါမှမဟုတ် (၃-၁)လောက်နဲ့ ဖြတ်နိုင်မှ ဖလားပိုင်ဆိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

ထိုင်းအမျိုးသမီးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ဥဇဘတ်ကစ္စတန်နဲ့ပွဲမှာ ပွဲချိန်ပြည့် ဖိအားပေးကစားသွားတာကို တွေ့မြင်နိုင်ပါတယ်။ တွေ့ဆုံမှုမှတ်တမ်းများအရ နောက်ပိုင်းပွဲစဉ်တွေမှာ မြန်မာအမျိုးသမီးအသင်းက ထိုင်းအမျိုးသမီးအသင်းကို အနိုင်ရရှိထားတဲ့ ရလဒ်တွေ ရှိထားတာတစ်ကြောင်း၊ ဖလားလက်မလွှတ်ရရေး ဒီကနေ့ (၉-၆-၂၀၂၆) ရက်နေ့မှာ မီးကုန်ယမ်းကုန် တိုက်ပွဲဝင်သွားမယ်ဆိုရင်ဖြင့် AYA TRI NATION CUP 2026 ဟာ မြန်မာအမျိုးသမီးအသင်းအတွက် ဖြစ်နိုင်ပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)