နေပြည်တော်၊ ဇွန် ၃၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇွန်လ ၂၇ ရက်နေ့ ၁၄၃၀ အချိန် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးတွင် လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား Mr. Chairat Visitsri(ချိုင်းလက် ဝစ်စ်စီ)အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး ကက်တမင်း အလေးချိန် ၈ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၆၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် Mr. Chairat Visitsri (ချိုင်းလက် ဝစ်စ်စီ)(၂၈)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment