ကလေးဝမြို့တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ကီလိုခန့်၊ စိတ်ကြွဆေးပြား ၁၀ သိန်းကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးဝမြို့တွင် ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ကီလိုခန့်၊ စိတ်ကြွဆေးပြား ၁၀ သိန်းကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

 


နေပြည်တော်၊ ဇွန် ၂၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကလေးဝမြို့၊ ချင်းတွင်းတံတားတွင် ဂိုးရှင်းမန် (ခ)ရှင်းမန် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ ဘိန်းဖြူ ၅ ဒသမ ၅ ကီလို၊ ဂင့်ကပ်ခိုင် (ခ) ခိုင်ခိုင် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ မုန်ဂင့်ဆန် (ခ) ဆန်းသယ် မောင်းနှင်လာသော PRADO ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနှင့် ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၂၀၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ် ၃ စီးပေါ်မှ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ဝ၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို၊ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား မန္တလေးမှ တီးတိန်သို့ အဓိကသယ်ဆောင်ခိုင်းသူမှာ တီးတိန်မြို့နေ ထွန်းဂင့်မုန် (ခ) ပါးမုန် (ဖမ်းဆီးရန်ကျန်) နှင့် ထန်ဆောမ်းဟောက် (ခ) ဆောမ်းဟောက်(ဖမ်းဆီးရန်ကျန်) တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)