လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေး


မန္တလေး၊ ဇွန် ၁၆

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား စဉ်ဆက်မပြတ် ကြီးကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသော စက်သုံးဆီများ၏ အရည်အသွေးပြည့်မီမှန်ကန်မှုရှိ၊ မရှိ၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိ၊ မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ၊ မရှိတို့အား ဌာနပိုင် Mobile Fuel Lab ယာဉ်ဖြင့် လစဉ် ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် လေးဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အရည်အသွေးပြည့်မီမှု မရှိခြင်း၊ အခြင်အတွယ်ပြည့်မီမှုမရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုမရှိခြင်းများကို စစ်ဆေးတွေ့ရှိရပါကရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မင်းထက်အောင် (မန်းကိုယ်ပွား)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)