နေပြည်တော်၊ ဇွန် ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (State Visit) အကြောင်းအရာများကို တရုတ်နိုင်ငံပိုင် မီဒီယာများနှင့် ဝက်ဘ်ဆိုက်များတွင် ရေးသားဖော်ပြကြလျက်ရှိသည်။
ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်သည့် ခရီးစဉ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်၊ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းများအရ ခရီးစဉ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်သည် စီးပွားရေးဆိုင်ရာ အစည်းအဝေးများသို့ တက်ရောက်မည့်အပြင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ တိုးမြှင့်လုပ်ဆောင်ရေး၊ နည်းပညာဆိုင်ရာ အကူအညီပေးရေး စသည့် အခရာကျသော အရေးကိစ္စရပ်များကို အလေးပေး ဆွေးနွေးသွားမည် ဖြစ်သည်။
၎င်းအပြင် နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုအပေါ် မှီတည်နေသည့်အတွက် ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာ သက်ဆိုင်ရာ အရေးကိစ္စရပ်များကိုလည်း အလေးအနက်ထား ဆွေးနွေးသွားမည် ဖြစ်သည်။
ထိုအပြင် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ရေးသားဖော်ပြထားသည်များကို တွေ့ရှိရသည်။
#MNP #News



No comments:
Post a Comment