Pages

Pages

ကွန်ဂိုမှာ အီဘိုလာ ၅၀၀ ကျော်ဖြစ်၊ ၉၀ ကျော် သေ လို့ ထုတ်ပြန်ထားတယ်



ဇွန် - ၉ ( အင်္ဂါနေ့ ) 

ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ (ဒီအာကွန်ဂို) အမျိုးသား ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်း  မှ နောက်ဆုံး ထုတ်ပြန်လိုက်သော ကိန်းဂဏန်းများအရ တိုင်းပြည် အရှေ့ပိုင်းတွင် ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါ ကူးစက်ပြန့်ပွားမှုဟာ အတည်ပြုလူနာ ၅၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်.။

တနင်္ဂနွေနေ့တွင် အာဏာပိုင်များရဲ့ မှတ်တမ်းတင်ချက်အရ အီတူရီ၊ ကီဗူးမြောက်ပိုင်း နဲ့ ကီဗူးတောင်ပိုင်း  ပြည်နယ်များတစ်လျှောက် အတည်ပြုလူနာ ၅၁၅ ဦးနှင့် သေဆုံးသူ ၉၁ ဦး ရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးမှုနှုန်း မှာ ၁၇.၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီ လို့ သိရပါတယ်။ လူနာအားလုံးရဲ့ ထက်ဝက်ကျော်မှာ သီးသန့်ခွဲထားခြင်း၊  ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ၁၂ ဦးသာ တရားဝင် ပြန်လည်သက်သာ ကောင်းမွန်လာခဲ့ပါတယ်။ 

အဆိုပါ ကူးစက်ရောဂါသည် အတည်ပြုလူနာ ၅၁၅ ဦးအနက် ၄၈၇ ဦး (စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းနီးပါး) ရှိနေသည့် အီတူရီပြည်နယ်တွင်သာ အဓိက အများဆုံး စုပြုံဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ 

နယ်မြေမငြိမ်မသက်ဖြစ်မှု၊ လူဦးရေ ရွှေ့ပြောင်းအခြေချမှုနှင့် နယ်စပ်ဖြတ်ကျော် သွားလာမှုများ ပေါင်းစပ်မှုကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုမြန်ဆန်လာရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

 ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ က မေလ ၁၅ ရက်နေ့တွင် ၎င်းရောဂါ ကူးစက်ပြန့်ပွားမှုကို တရားဝင် ထုတ်ပြန်ခဲ့ပြီး၊ ယင်းမှာ ၁၉၇၆ ခုနှစ်က ၎င်းနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ကို ပထမဆုံး စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ၁၇ ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်သည့် အီဘိုလာကူးစက်မှု ဖြစ်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အဆိုပါနိုင်ငံနှင့် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတို့တွင် တွေ့ရှိရသည့် ဘန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးကွဲကို နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ လက်ရှိအချိန်တွင် တရားဝင်အတည်ပြုထားသည့် ကာကွယ်ဆေးမူ မရှိသေးပါဘူး။ 


Ref: RT

#MNP #News

No comments:

Post a Comment