မြောက်ဥက္ကလာပ၊ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း နှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းကို ယနေ့ နံနက်ပိုင်းကမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်း ဆေးကုသမှု ဆောက်ရွက်ခဲ့ကြသည်။
ဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူဥ က အသိပညာပေးဟောပြောရာတွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ ၊ “အဆစ်ရောင် ရောဂါနှင့် ပြင်းထန်ဝမ်းလျောဝမ်းပျက်ရောဂါ” အကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူကြ သော အငြိမ်းစားနိုင်ငံ့၀န်ထမ်း သက်ကြီး အဘိုး ၊ အဘွား များအား တိုင်းရင်းဆေးပညာဖြင့် ဖော်စပ်ထားသော ဆေးဝါးများ နှင့် ရောဂါများအလိုက် ဆေးကုသမှုပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News


No comments:
Post a Comment