မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများတင်ဆောင်၍ တတိယအကြိမ် သွားရောက်ပို့ဆောင်သည့် မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော ကုန်ပစ္စည်းများတင်ဆောင်၍ တတိယအကြိမ် သွားရောက်ပို့ဆောင်သည့် မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ



နေပြည်တော်၊ ဇွန် ၁၇

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဒေသ များအား ပြန်လည်ထိန်းချုပ်၍ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် ဆက်သွယ်ရေး လမ်းကြောင်းများအားပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်နှင့်အညီ ဆောင် ရွက်ပေးလျက်ရှိရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံသည့် ဒေသများမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိသားစုများ၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေးအဆင် ပြေချောမွေ့ စေရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာများ အဆင်ပြေချောမွေ့စေရေးအတွက်လည်း တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ပေးလျက်ရှိသည်။

ကိရိယာများ၊ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာရေး စက်သုံးဆီများကို တတိယအကြိမ်အဖြစ် ပို့ဆောင်ပေးခဲ့သည့် မော်တော်ယာဉ်များသည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မော်တော်ယာဉ်များသည် မြစ်ကြီးနားမြို့အပါအဝင် လမ်းကြောင်းတစ် လျှောက်ရှိ မြို့/ရွာများမှ မန္တလေးမြို့၌ ကုန်စည်ကူးသန်းရောင်းဝယ်မည့် ဒေသထွက်ကုန် ပစ္စည်းများ၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် များ၊ သင်တန်းတက်ရောက်ကြမည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ပြန်လည်တင်ဆောင်၍ မြစ်ကြီးနားမြို့မှ ဇွန် ၁၆ ရက်နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြပြီး ယနေ့မွန်း လွဲပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုများဖြင့် မန္တလေး- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်သည့်လုပ်ငန်းသုံးပစ္စည်းများအား အချိန်မီပို့ဆောင် ဖြည်းဆည်းပေးလျက်ရှိပြီး အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင် ခြင်းများ ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည် ပို့ဆောင် ရေးမော်တော်ယာဉ်များသည် အဆိုပါလမ်းကြောင်း တစ်လျှောက်၌ ပုံမှန်အတိုင်း ပြန်လည် သွားလာလျက်ရှိကြောင်းသတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)