မြောင်းတကာစက်မှုဇုန်၌ တရားမဝင်ဓာတ်အားရယူသုံးစွဲထားခြင်းအား လျှပ်စစ်ဥပဒေ၊ စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ အရေးယူဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းတကာစက်မှုဇုန်၌ တရားမဝင်ဓာတ်အားရယူသုံးစွဲထားခြင်းအား လျှပ်စစ်ဥပဒေ၊ စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ အရေးယူဆောင်ရွက်




နေပြည်တော်၊ ဇွန် ၁၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး မသင်္ကာဖွယ်တွေ့ရှိရသည့် မြောင်းတကာစက်မှုဇုန် မြေကွက်အမှတ် (၅၂/၅၃) ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုစက်ရုံကို ဝင်ရောက်စစ်ဆေးရာ မီတာအားမသမာသောနည်းဖြင့်ဖွင့်၍ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းသို့ မသမာမှုဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား ယူနစ် ၅၀၆၈၈၀၀ အတွက် ငွေကျပ်သန်း ၄၅၀၀ ကျော် ဆုံးရှုံးနစ်နာစေခဲ့သဖြင့် လျှပ်စစ်မီတာအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့်လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် မှော်ဘီမြို့မရဲစခန်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်တွင် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့သွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာ သတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုများ သိသာစွာလျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပိုမို၍ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးထုတ်ပြန်ထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)