နေပြည်တော်၊ ဇွန် ၃၀
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ ဆပ်ကော်မတီလေးခု ဖွဲ့စည်းမှုတာဝန်များ (မူကြမ်း) နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment