ဗင်နီဇွဲလားနိုင်ငံရှိ မြို့ကြီးများတွင် ပြင်းအား ၄.၂ ရှိ ငလျင်လှုပ်ခတ်မှုအသစ်အကြောင့် ထိတ်လန့်တုန်လှုပ်မှု ဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗင်နီဇွဲလားနိုင်ငံရှိ မြို့ကြီးများတွင် ပြင်းအား ၄.၂ ရှိ ငလျင်လှုပ်ခတ်မှုအသစ်အကြောင့် ထိတ်လန့်တုန်လှုပ်မှု ဖြစ်ပွား






ကရာကက်စ်၊ ဇွန် ၃၀

ဗင်နီဇွဲလားနိုင်ငံရှိ မြို့ကြီးများဖြစ်သော ကရာကက်စ်နှင့် လာဂွိုင်ရာတို့အနီးတွင် ဇွန် ၂၉ ရက် နံနက်ပိုင်းက ပြင်းအား ၄.၂ အဆင့်ရှိ ငလျင်အသစ်တစ်ကြိမ် လှုပ်ခတ်ခဲ့ရာ ဒေသခံများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံများအား စွန့်ခွာ၍ ဟင်းလင်းပြင်နေရာများသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါငလျင်သည် ဇွန် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ နှင် ၇.၅ အဆင့်ရှိ ငလျင်များကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် လာဂွိုင်ရာပြည်နယ်မှ ကီလိုမီတာ ၁၀ အကွာ ကာရေဘီယံပင်လယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ဗင်နီဇွဲလားမြေငလျင်သုတေသနဖောင်ဒေးရှင်းမှ ထုတ်ပြန်ချက်အရ သိရသည်။

"နိုင်ငံပိုင်နယ်နိမိတ်ထဲက ဘယ်နေရာမှ နောက်ထပ်ထိခိုက်ပျက်စီးမှု သတင်းဖော်ပြချက်တွေ မရှိပါဘူး" ဟု ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇွန် ၂၉ ရက်၌ ဖြစ်ပွားသည့် အဆိုပါနောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပြီးနောက် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်၌ လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေသည် ၁,၇၁၉ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူဦးရေမှာ ၅,၀၀၀ ကျော်လာပြီဖြစ်ကြောင်းလည်း အဆိုပါ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဇွန် ၂၉ ရက်၌ ပြောကြားခဲ့သည်။ 


Ref - Xinhua

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)