မြောက်ဥက္ကလာပမြို့နယ်တွင် အပတ်စဉ် (၅၀)သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား/သူများအား ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် အပတ်စဉ် (၅၀)သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား/သူများအား ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ပွဲကျင်းပ








မြောက်ဥက္ကလာပ၊ ဇွန် ၃၀ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ၊ သူနာပြုသင်တန်းကျောင်း၏ အပတ်စဉ် (၅၀) သူနာပြုဒီပလိုမာသင်တန်း သင်တန်းသား/သူများ၏ ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ပွဲကို  ယနေ့ နံနက် ၉ နာရီ အချိန်  အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ  သူနာပြုသင်တန်း ကျောင်း၏ စီမံခန့်ခွဲ ရေး ဥက္ကဋ္ဌ  မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဦးက အမှာစကား ပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုး ကဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်း‌‌လင်း ပြောကြားခဲ့သည်။ 

ထို့နောက် ပထမနှစ်သင်တန်းသား၊သင်တန်းသူ များကို သူနာပြုဂျူတီကုတ် နှင့် ဦးဆောင်းများကို တာ၀န်ရှိသူများက တစ်ဦးချင်း အသီးသီးပေးအပ်ခဲ့သည်။  ဆက်လက်၍ ဂျူတီကုတ် နှင့် ဦးဆောင်းလက်ခံပြီးဖြစ်သော သင်တန်းသား ၊ သင်တန်းသူ များမှ သူနာပြု သစ္စာအဓိဌာန် ပြုခဲ့ကြပြီး  ၂၀၂၄ ပညာသင်နှစ် မှ ၂၀၂၅ ခုနှစ် First Semester End Test ထိ ထူးချွန်ဆု နှင့် ၂၀၂၆ ပထမနှစ်   First Semester End Test ထိ ထူးချွန်ဆုရ သင်တန်းသား ၊ သင်တန်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။ ယင်းနောက် ဂျူတီကုတ် နှင့် ဦးဆောင်းအပ်နှင်းလက်ခံရ ရှိသော သင်တန်းသား /သူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား/သူများက ကရုဏာလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သူနာပြုသင်တန်း ကျောင်း၏ စီမံခန့်ခွဲ ရေး ဥက္ကဋ္ဌ  မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး ၊ ဆေးရုံအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဦး ၊ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး ၊ ဒုတိယ ဆေးရုံ အုပ်ကြီး  ဒေါက်တာ လွင်လွင်ဦး ၊ ဆေးတက္ကသိုလ်၂မှ ပါမောက္ခ ဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံအသီးသီးမှဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများသူနာပြုအုပ်များ သူနာပြုဆရာမကြီးများ၊ သင်တန်းကျောင်းအသီးသီးမှ သင်တန်းကျောင်းကျောင်းအုပ်ကြီးများ ၊ ကျောင်းအုပ်များ၊မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုး၊ သူနာပြုအုပ်များ၊ ဒုတိယ သူနာပြုအုပ်များ၊ ဆေးရုံကြီးလူနာဆောင်မှ သူနာပြုဆရာမကြီးများ၊ သင်တန်းသား ၊ သင်တန်း‌‌သူများ စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)