ဇွန် - ၃၀ ( အင်္ဂါနေ့ )
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကအသင်း ၉ သင်းအထိ ရှုံးထွက်အဆင့် ကို တက်ရောက်နိုင်ခဲ့လို့ အာဖရိကတိုက်အတွက် စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါတယ်။
အုပ်စုအဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တဲ့ အသင်းတွေကတော့ အယ်လ်ဂျီးရီးယား၊ ကိတ်ဗာဒီ၊ အိုင်ဗရီကို့စ်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီဂျစ်၊ ဂါနာ၊ မော်ရိုကို၊ ဆီနီဂေါနဲ့ တောင်အာဖရိကနိုင်ငံတို့ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ အာဖရိက ဘောလုံးအဖွဲ့ချုပ် (CAF) ရဲ့ သတင်းပြန်ကြားရေးအဖွဲ့က "ဒါဟာ ဖီဖာ ကမ္ဘာ့ဖလားသမိုင်းမှာ အာဖရိကလက်ရွေးစင်အသင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းအထိ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။
CAF ဥက္ကဋ္ဌ ပတ်ထရစ် မိုဆီပီ ကလည်း အခုလို ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်း ၉ သင်းစလုံးကို ဂုဏ်ယူစကားပြောကြားခဲ့ပြီး၊ သူတို့ရဲ့ အောင်မြင်မှုဟာ "ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုကြောင့် ရထိုက်ရလောက်တဲ့ အောင်မြင်မှုမျိုး ဖြစ်တယ်" လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
CAF ဥက္ကဋ္ဌ မိုဆီပီက “ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ သူတို့နိုင်ငံတွေ ဂုဏ်ယူဝင့်ကြွားစေခဲ့ ရုံတင်မကဘဲ အာဖရိကတိုက်ကြီးနဲ့ တခြားနိုင်ငံတွေမှာ ရောက်ရှိနေထိုင်ကြတဲ့ အာဖရိကနွယ်ဖွား လူဦးရေ ၁.၆ ဘီလီယံစလုံးကိုလည်း ဂုဏ်ယူဝင့်ကြွားစေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်တက်လှမ်းခဲ့တဲ့ မော်ရိုကိုအသင်းကတော့ ဇွန်လ ၃၀ ရက်နေ့မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ ဒီပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့ သရေကျခဲ့ပြီး၊ အဲဒီနောက် စကော့တလန်နဲ့ ဟေတီအသင်းတွေ ကို အနိုင်ရရှိခဲ့တာပါ။
အိုင်ဗရီကို့စ် အသင်းကလည်း နော်ဝေအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် အသင်းဟာ ဂျာမနီအသင်း ကို ရှုံးနိမ့်ခဲ့ပေမဲ့ အီကွေဒေါနဲ့ ကျူရာဆောင်း အသင်းတွေကို အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment