ရန်ကုန်၊ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ လှိုင်မြို့နယ်၌ အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် ဝန်ထမ်းများသည် လမင်းစီမံချက်အရ ယနေ့နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာ အလယ်တန်း ကျောင်းထ(ခွဲ)၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း နှင့် Biometric UID ဇီဝအချက် အလက် ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက် (၁၀) နှစ်ပြည့် ကျောင်းသား/သူ စုစုပေါင်း ၁၃၇ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများကို နေ့ချင်းပြီး စိစစ်ဆောင်ရွက်ပေးကာ မရမ်းကုန်းခရိုင်ဦးစီးမှူး ဦးရန်နိုင် ၊လှိုင်မြို့နယ် ဦးစီးမှူး နှင့် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းတို့ကကျောင်း သား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
#MNP #News



No comments:
Post a Comment