ဆွစ်ဇာလန်ကိုရောက်နေတဲ့ ယူကရိန်းစစ်ဘေးရှောင််တွေကို စစ်မှုထမ်းဖို့ မပေးနိုင်ဘူးလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆွစ်ဇာလန်ကိုရောက်နေတဲ့ ယူကရိန်းစစ်ဘေးရှောင််တွေကို စစ်မှုထမ်းဖို့ မပေးနိုင်ဘူးလို့ ဆို


ဇွန် - ၂၁ ( တနင်္ဂနွေနေ့ ) 

ဆွစ်ဇာလန်နိုင်ငံကိုရောက်နေတဲ့ စစ်မှုထမ်း အသက်အရွယ်ရောက်နေသော ယူကရိန်း စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသားများကို ပေးအပ်ထားတဲ့ အကာအကွယ်ပေးမှုအရ ယူကရိန်းမှာသွားပြီး စစ်မှုထမ်းဖို့ လွဲပြောင်းပေးခြင်းမှ ချန်လှပ်ထားနိုင်ကြောင်း အယ်လ်ပိုင်း နိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်အစိုးရက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော ၄ နှစ်ကျော်က မော်စကိုနှင့် ကိဗ်အကြား ပဋိပက္ခများ အရှိန်မြင့်တက်လာပြီးနောက် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ ယူကရိန်းနိုင်ငံသား ၆၆,၀၀၀ ခန့်အတွက် "S Status" (အထူးကာကွယ်စောင့်ရှောက်မှု အဆင့်အတန်း) ကို ၂၀၂၇ ခုနှစ် မတ်လနောက်ပိုင်းအထိ သက်တမ်းတိုးမြှင့်ရန် ကိစ္စ နဲ့ ပတ်သက်ပြီး ပြည်နယ်များနဲ့ စတင်တိုင်ပင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီက သောကြာနေ့ထုတ်ပြန်ချက်တစ်ခု၌ ကြေညာခဲ့ပါတယ်။ ယင်းကဲ့သို့ အကာအကွယ်ပေးမှု ရရှိထားသူများက ကုန်ပစ္စည်း သို့မဟုတ် ငွေကြေးဖြင့် လူမှုဝန်ထမ်း ထောက်ပံ့မှုများကို ရရှိကြပြီး နိုင်ငံအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်လည်း ရှိကြပါတယ်။ 

ယင်းကဲ့သို့ ဆွေးနွေးမှုများ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အစိုးရသည် “စစ်မှုထမ်းရန် တာဝန်ရှိသည့် ယူကရိန်း အမျိုးသားများအတွက် နောင်တွင် ကန့်သတ်ချက်များ ဖြစ်လာနိုင်ခြေ” ကို ထည့်သွင်းစဉ်းစား နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။  ယင်းကိစ္စနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို နွေရာသီမကုန်မီ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း ဆက်လက်ဖော်ပြထားပါတယ်။ 

“ဒါဟာ လက်ရှိမှာ ဥရောပသမဂ္ဂ (EU) အနေနဲ့ အဆိုပါအမျိုးသားတွေအတွက် ကန့်သတ်ချက်တစ်ခု ထားရှိပြီး ယာယီအကာအကွယ်ပေးမှုကို သက်တမ်းတိုးဖို့ ထည့်သွင်းစဉ်းစားနေတာကြောင့် ဖြစ်ပါတယ်”လို့  ဖက်ဒရယ်ကောင်စီက ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

ဥရောပသမဂ္ဂ ရဲ့ စာရင်းအင်းအချက်အလက်အဖွဲ့ ( ယူရိုစတက်) ရဲ့ အချက်အလက်များအရ လက်ရှိတွင် ယူကရိန်းနိုင်ငံသား ၄.၃ သန်းခန့်သည် ဥရောပသမဂ္ဂ (အီးယူ) အတွင်း၌ ယာယီအကာအကွယ်ပေးမှုအောက်တွင် နေထိုင်လျက်ရှိပြီး ယင်းတို့အထဲတွင် စစ်မှုထမ်းနိုင်သည့်အသက်အရွယ်ရှိ အမျိုးသား ၁ သန်းအထိ ပါဝင်နေကြောင်း သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)