ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တည်းခိုမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှန်ဟိုင်းမြို့ရှိ သမိုင်းဝင် Fairmont Peace Hotel တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တည်းခိုမည်









တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက်တွင် High-Speed Railway G23 အမြန်ရထားဖြင့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာပြီးနောက် တည်းခိုမည့် Fairmont Peace Hotel သို့ ရောက်ရှိခဲ့သည်။

Fairmont Peace Hotel သည် ရှန်ဟိုင်းမြို့၏ အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး Huangpu မြစ်ကမ်းရှိ နာမည်ကျော် The Bund လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဟိုတယ်ကို ၁၉၂၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမြို့၏ သမိုင်းဝင် အမွေအနှစ်ဟိုတယ်များအနက် အထင်ရှားဆုံးတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိသည့် အဆိုပါဟိုတယ်သည် အနုပညာလက်ရာမြောက် Art Deco ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး နိုင်ငံခေါင်းဆောင်များ၊ တော်ဝင်မိသားစုဝင်များနှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ လာရောက်တည်းခိုခဲ့ဖူးသည့် ရှန်ဟိုင်းမြို့၏ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်စားပြုသည့် အထင်ကရနေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)