မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်သွားမည့်အခြေအနေများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်သွားမည့်အခြေအနေများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu ဆွေးနွေး





နေပြည်တော်၊ ဇွန် ၁

အိန္ဒိယသမ္မတ နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် ၎င်း၏သမ္မတအိမ်တော်၊ ဧည့်ခန်မး၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတအား အိန္ဒိယသမ္မတနိုင်ငံ သမ္မတ က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး အိန္ဒိယသမ္မတနိုင်ငံသမ္မတ နှင့်အတူ အန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေး ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန် ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေ များ၊ နှစ်နိုင်ငံအကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု အခြေအနေများ၊ အမျိုးသ မျိုးသမီးများကဏ္ဍမြှင့်တင်ရေးအတွက် အတွေ့အကြုံများ မျှဝေနိုင်သည့်အခြေ နများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အနေမှ တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက်နိုင်ငံတော်သမ္မတသည် သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)